My Blog List

အင်ကြင်း

အိမ်မက်
လုစားခံရ
အဲဒီ ဗိုင်းရပ်စ်တွေ

ညက
အန်နီဖရန့် ညိအစ်မ အလည်လာ
တစ္ဆေသရဲ ဗီဒီယိုတွေနဲ့ ဧည့်ခံ
ကြာတော့လည်း ကလေးတွေ မကြောက်တော့ပါဘူး
တတိယရွမ်းပြင်းများ နှင်းခါးရိုက်
တဖြုတ်ဖြုတ်ကျကြွေ 'သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ'

မြွေတွေ
(သူတို့လိုဘအတွက် အဆိပ်ရည်ပြည့်ဖောင်းစွာ)
အိမ်မက်ထဲ နေရာတကာ
တစ်ခုတည်းသော ဖက်တွယ်ရာ ငါ့ညနတ်သမီး
ပြန်ပေးဆွဲခံရ
အဲဒီ ဗိုင်းရပ်စ်တွေ အရှည်ကောင်တွေ

အုန်းမောင်းခေါက်သံဟာ အားဆေးတစ်ဖုံပေါ့
အင်ကြင်းတို့ ပွင့်တော့မည်

ငါဘေး
ငါ့မြေး
အမှောင်ဗိုင်းရပ်စ်များ ကင်းစေသတည်း။ ။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter