My Blog List

နွေ



ကြောက်တယ်နွေ
ချစ်စရာကောင်းလွန်းလို့ပါ
မျက်ဝန်းပြာလဲ့ ကောင်းကင်
အရပ်မျက်နှာမဲ့
ခပ်သိမ်းငင်လေရှုးရယ်


ကြောက်ပါရစေနွေ
ချစ်လွန်းလို့ပါ
တောင်ပြာတန်းတွေညို့မော
(မန္တလေးသားရဲ့ ရင်ခုန်တတ်ခြင်းများ)
ရှမ်းအိုးစည်သံတွေ အိမ်မက်မြူမြှင်
ကျေးဥစီတမာဖူးချိုခါး ဒဿနရသ

နွေဦးရယ်
ဘောက်မဲ့ဤ ရက်စက်ရပါသလဲ
လှလွန်းနွေ
ပြီးတော့
ပိတောက်တွေ စိန်ပန်းတွေ ငုဝါတွေ
ဒဂုန်တာရာ့မျက်လုံးတွေ တပ်ဆင်မယ်
နောက် ဗန်ဂိုးရောင်စဉ်တွေ
နောက် အသံဆိုတဲ့ မြင်ရတဲ့ ဓာတ်လိုင်းတွေ
ရော
ဟောဒီနှလုံးသားရှေ့ထွန်ကျူးတဲ့
ငါ့နှဖူး
ထုဟစ်လိုက်ချင်သပ
လှချင်ဘိ
သူတော်စင်တို့ရဲ့ ရက်စက်ခြင်းအတိပြီး နွေရယ်။ ။



No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter