My Blog List

အနာအိုင်း

ယောင်္ကျားရင့် မာကြီးပါပဲ
ငလုံးလဖယ်တို့လိုပေါ့။
သူ့မှာ
ယပြေသီးမှည့်
ဖူးရောင်နေလိုက်တာ
အနာအိုင်းကြီး။
ချွန်ထက်သုံးမြောင်ဓားနဲ့
နက်ရှိုင်း
ထိုးခွဲ
အမလေးတ ရှာတယ်
ကြည့်စမ်း
သွေးဗုပ်သွေးညစ်
စေပျစ်စိမ်ယစ်
ဝန်းထွက်လာ
ကျုပ်မျက်နှာစွန်းထင်ခဲ့။
တထွန်ထွန် လူးလွန့်ရှာ
ကယ်ပါယူပါ တစာစာ
ကျုပ်ကြင်နာတတ်ပါတယ်။
အလို
လှိုက်စား
ဥမင်လိုလျား
ကဲ-ဆေးပတ်တီးယူခဲ့
အားလုံးပြီးစီးသွားတော့
သူ့မျက်ဝန်းမှာ အရုဏ်နုနုသမ်းလို့
ကျေးဇူးပါပဲဆရာတဲ့
ကျွန်တော်အော်မိတာ
ခွင့်လွှတ်ပါတဲ့။
အလိုဗျာ
ခင်ဗျားမအော်မိပါလား
ပြည်ပုပ်သွေးသိုးတွေနဲ့
စိမ်ယစ်လှိုက်စားနေတဲ့
အဲ့ဒီ
အနာအိုင်းကြီးအော်တာလို့ပဲ
ကျုပ်နားလည်မိပါတယ်။

(ဆေးမှူးကြီး ကိုဆွေ သို့အမှတ်တရ)

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter