ငါ့အစိတ်အပိုင်းတွေ
အမောဖောက်လျက်ကယ်

လိုက်လံသိမ်းဆည်းရ
ပန်းသီးပါ ဒီ
ကျီးအာသီးက ဘယ့်နှာ
သစ်မာကို တည်ဆောက်ခဲ့
ဘိုင်သားနဲပ ကျားကန်ခြင်းခံရ
ပျော့ဖတ်ယက်မကြီးတွေ ရှိဖူးသတဲ့လား။
ဆေးဆိုးစက္ကူတွေဟေ့
ငါ့' ချစ်ပြုံးနှင်းဆီ' ဘယ်ရောက်သွားသလဲ။
အမှတ်အသား လိုအပ်သပဆို
မျက်လုံးရယ်
နှာခေါင်းရယ်
ပါစပ်ရယ်
နားရယ်
တော်ပြီလေ 'ငါ' ပေါ့။
နေဦး
ဟောဒီ ငါ့လက်ညှိုးဟာ
သံမဏိပါ
ခုများ
'ကြာနွယ်ဖယောင်း နေရှိန်ပျောင်း' လို့။
ထား
လူတစ်ခုပြန်စဖို့
ရတတ်သမျှ စုစည်းပြီးပါပြီ။
ခက်တာက
အမြီးတစ်ချောင်း အပိုပါနေတယ်။
No comments:
Post a Comment