'ခင်ဗျားဟာ ၀ံပုလွေလာဆင်ပဲ' ပြောတဲ့ခါ
မိန့်မိန့်ကြီး သူ ပြုံးကျေနပ်နေတယ်။
'ခင်ဗျား စဉ်းစားမိရင်…
ဂေါ့ဖားသားသတိရ' ဆိုတော့
'ဒီလိုဖြစ်အောင် ကျုပ်မနည်းကြီုးစားခဲ့ရတာပါ' တဲ့။
သူဟာကဗျာ ဆရာဖြစ်တယ်
'ကျွန်တော်တို့' အတွက် ကောက်ရိုးမျှင်
'တချို့' အတွက် ၀ါးလုံး
တစ်ခါတစ်ရံ ထိုးထွက် ပါးမြိုင်းမွေးတွေကို
ဒေါသတကြီး ရိတ်သင်နေလေရဲ့ 'ကမြင်းမသားတွေ' ဆဲသေး
'ဘလိတ်ဓားဘယ်မှာထားရမှန်းမသိတဲ့ပွဲစားကြီး' လိုပေါ့
ဟင်းကောင်းလေးစားရရင် 'ဖွားဖက်တော်' တော်တွေသတိရ
ဟုတ်- တစ်ခါကများ ဟင်းမကောင်းဆိုးဝါးတဲ့ အခါ
တောက်(… …)
ကိုယ်တိုင်ချက် မုန့်ဟင်းခါး ငါးရံ့ကောင်လုံးအဆာသွပ်
ဦးနို့ခေါက်ဆွဲ ဘုရားပွဲ
(မန္တလေးက အကောင်းဆုံးငံပြာရည်နဲ့) တဲ့
သူ
နုငယ်စဉ် လေးဆယ်ဝမ်မီးအားနဲ့ ပုရစ်ကင်စားခဲ့သူပေါ့
အယ်ဒီတာလုပ်လိုက်သေး
ကျွန်တော်တို့ 'ကျောင်းနေဖက်' တွေအပေါ်
အရာရာ ဟင့်အင်းမရှိဘူး နိုးမရှိဘူး
ရက်(စ်)အောရိုက်ပဲရှိတယ်
သူဘယ်လောက် အနေဝေးဝေး
'ကျွန်တော်တို့' နဲ့ ဆံခြည်မကွာ
ထုပ်စည်းထဲမှာ
ထမင်းရည်ပူ မလောင်ခဲ့သူပါ…။
No comments:
Post a Comment