My Blog List

ဘေးမဲ့တော

ဆွတ်ပျံ့မိန်းမော
ဘေးမဲ့တော ၌
ချပ်တေးတစ်ကွေ့ ဆုံခဲ့တယ်
အမည်မမေးကြပါနဲ့
လိပ်စာမမေးကြပါနဲ့
လူမျိုးမမေးကြပါနဲ့
ဗြဟ္မစိုလေးဖြာ ကိုးကွယ်တဲ့ဘာသာပေါ့
မပြန်ချင်ဘိ
စိတ်ရှိရှိလျှင်
သွားမိသွားရာ
နေမိနေရာ
သဘာဝလား ငါလား
မကွဲပြားချင်
မြောက်စွန်းဆောင်းခိုငှက်တို့ရေ
အပြန်ခရီးမှာ
ကျုပ်တစ်ယောက်လွတ်မြောက်နေကြောင်း
သတင်းကောင်းပြောပြပါ
အင်ဥဖော်စားမယ်
မျှစ်ချိုးစားမယ်
ငှက်ပျောရိုင်းတွေ အစေ့ပါဝါးစားမယ်
ကိုင်း ခင်ဗျားတို့ဘာတတ်နိုင်သေးလဲ
ချစ်သူသတိရတဲ့အခါ
ရွှေသမင်မျက်ဝန်းထဲ
ရေဆင်းချိုးမှာပေါ့
ဓာတ်အားခဲဆံ မလိုဘူး
မလတီကာလာ
သရကာတို့
သံသာချိုမြ
မုသားမနှော ချောလင်္ကာဖွဲ့
'ရှီတ်စပီးယားရဲ့ဆောင်းလေ'
တစ်အားခြွေတော့
ကြေကြေနပ်နပ်ကြီးပြုံးနေမယ်
အားမရတဲ့အခါ
ဟးချရယ်နိုင်သေး
စွယ်တော်ဖြူတွေ
သညာမဲ့ပန်းကလေးတွေ
လွတ်လပ်စွာမွေးဖွားကြ
ကွယ်လွန်ကြ
လှပမြဲ
'လာလိုက်ကြ သွားလိုက်ကြ
ကျုပ်ကတော့ စီးမြဲပ' တဲ့
တယ်နီဆန်ခင်ဗျား
ကျုပ်လေ
ဦးငိုက်စိုက်ချ
ရင်နှစ်ခွနဲ့
မြို့ပြပြန်ခဲ့ရပါတယ်

(ချပ်သင်းဘေးမဲ့တောဝန်ထမ်းများသို့ အမှတ်တရ)

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter