My Blog List

ရွာသား

ရွာသား

ကျွန်တော်ဟာ
ဒီဘက်ကမ်းကလူပါ
ဟိုဘက်ကမ်းကလူတွေလာကြတယ်
ဖက်လှဲတကင်း ပြောဆိုလိုက်ကြပေါ့
ရံဖန်ရံခါ ခိုက်ရန်ဖြစ်သပေါ့။

လှေတွေ၊ သင်္ဘောတွေ ဖြတ်သန်းသွားကြ
သောင်တင်ကြ
နစ်မြုပ်ကြ
ပျော်ပျော်ပါးပါး လက်ပြ နှုတ်ဆက်ကြ။

ကျွန်တော်
ဒီဘက်ကမ်းသားပါ
ရွာသားပါ
မည်မည်ရရ အမှတ်တရမရှိတဲ့ သင်္ကေတမဲ့
ရွာက
ရွာသားပါ
အလုပ်ကြမ်းမှန်သမျှ
ကျွဲပခုံးထ
ညစ်ပတ်ပေကျံမှုတွေနဲ့
ယဉ်ပါးတဲ့
ဒီဘက်ကမ်းက ကျွန်တော်ပါ
ဟိုဘက်ကမ်းကသူငယ်
ရေနစ်တော့
ကျွန်တော်ကယ်ခဲ့ ဖူးသပ
ဆီမီးတထိန်ထိန်နဲ့ ဟိုဘက်မက်းဟာ
ကျွန်တော့်အိမ်မက်ထဲက
အိမ်မက်ပါ။

လူလိမ်လူကောက်တွေ ရောက်လာကြ
ဇာတ်အဖွဲ့တွေ ရောက်လာကြ
သူတို့တော့ ကျွန်တော်ခင်တယ်
သူတို့ဟာ
တစ်ချိန်က
ဒီဘက်ကမ်းသားတွေပါ။

ဇာတ်သမလေးရဲ့ ပလစ်ပလစ် နှုတ်ခမ်း
ကျွန်တော်နမ်းမိတဲ့နေ့
ကျွန်တော်ဟိုဘက်ကမ်းရောက်သွားပြီး
အဖတ်ဆည်မရနိုင်အောင်ပါပဲဗျာ။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter