
ကခုန်မိုးစက်တို့ မြူးတူး
ပန်းပေါက်လက်ခတ်နေကြ ပုံများ
နတ်ဝင်သည်တွေလို
စိတ်ကိုယ်လွတ်လပ်နေတာလည်း
ဖြစ်မယ်
ကားတွေဝေါကနဲ ကြိတ်နင်းသွားကြ
ဘူဒိုဇာကြီးလည်းပါသဗျ
လွင့်စင်ကြ
ဟော
ဟာလပ်မရှိ လက်ရုံးများဆန်တန်းလျက်ပါလား
မိုးစက်တွေ
ကတ္တရာမဲမဲပေါ်
ကျုပ်လည်း ဦးရွှေရိုးပေါ့
မြော်လင့်ခြင်းတွေရွှဲရွှဲစိုခဲ့
ဘာပဲဖြစ်ဖြစ်လေ
မြေးကလေးကို ကပြဖျော်ဖြေဖို့ဆိုရင်
မိုးမြားတွေတလစပ်
ပစ်ခတ်နေရလိပ်မယ်
No comments:
Post a Comment