ကိုလှတင်အောင်ရေ
ကျုပ်တို့နုငယ်စဉ်
'မောင်းမကန်' မှာ
အပန်းဖြေလမ်းလျှောက် ကို မြတ်လေးကို သတိရမိ
'သဲပွင့်လေးတွေ ဖွကာဖွကာ ကစားရင်းနဲ့'
နုငယ်တော့လည်း
အတ္တမြစ်ငုတ် ဖြုတ်ပယ်လှန်
မှတ်ခဲ့ကြသနော
ကိုယ်မစား သူ့ကျွေး
ကိုယ်မ၀တ် သူ့ဆင်
ကိုယ်မအိပ် သူ့ခြင်ယပ်……
အုန်းပျိုမလေးများယိမ်းငင်
နရီမှန်စွာ လှိုင်း@Eရဖူတို့
"ဒီမျာ ဆပ်သွားတော….ရှည်မျှောသောင်ကမ်း''တဲ့
ဟုတ် ဝေးလှစွာမှာ 'မာယာဘုံဘံ'
သလိုပါပဲ ကိုလှတင်အောင်
ကျုပ်တို့မြင်ယောင်ဝါးဝိုး အထင်ရှိခဲ့ကြ
မာယာဘုံထာဝရ နတ်မိမယ်လေ
ဘာဖြစ်လဲဗျာ ၀င်ကစွပ်တွေ အင်္ကျီငှားဝတ်တာ
နေမင်းကြီးအောက်မှာ…..
ကဲ ကျုပ်လည်းအိုမင်းမစွမ်း
ခင်ဗျားလည်း လမ်းမသလားနိုင်တော့
ဘိုးတော်ဦးခင်မောင်လို တယောလေး ထိုးမြဲထိုးဗျာ
ကိုစောညိန်းပဲဖြစ်ဖြစ် မြို့မညိမ်းပဲဖြစ်ဖြစ် အင်တာနေရှင်နယ်ပဲ ဖြစ်ဖြစ်
အလွမ်းဆုံးတေးသွားထက် ခွန်အားမောင်တာ ဘာမရှီဗျ
ငုံကြည့်
ရက်ရက်စက်စက်ငိုကြည့်
ဗီတာမင်တွေ ပြည့်လာလိမ့်မယ်
ကမ်းခြေမှာ ခင်းဗျားက အဘိဓမ္မာကဲတယ်
ကျုပ်က ခရုခွံလေးတွေချစ်တယ်
ခုများ
မဟာတစ်မြို့ကြီးထဲမှာ မတွေ့ကြာ
ပင်ရှင် ရကတည်းက နာရေးပဲဖတ်
နှလုံးတအားအခုန်မြန်ပေမဲ့
ခြေထောက်တွေနှေးပေါ့ ကိုလှတင်အောင်
တစ်ခါတစ်ရံများ
ဆောင့်ကန်ပစ်လိုက်ချင်တယ်
No comments:
Post a Comment