အဲဒီနေ့က ကျွန်တော်
အေးဆေးစွာ
မကြေချမ်းမြေ့တိုက်ပုံကို
အိမ်မှာချိတ်ထားခဲ့ပြီး
လောဘမဖက် ဒေါသမထွက် မောဟမစွက်
မုဒီတာ တစ်ဝက်တစ်ပျက်နဲ့
လျှောက်လာ
လမ်းတစ်ဘက်ဆီက
ကားတစ်စီးထင်ရဲ့
သိလိုက်ချိန်မှာတော့
ကျွန်တော့်လက်တစ်ဖက် လွန့်လွန့်လူး
မြောင်းထဲ
သွေးသံရဲရဲ
နောက်တစ်ဖက်ကတော့
ပုခုံးမှာတိုးလို့တွဲလွဲ
ညာခြေကပေါင်ရင်းကပြတ်
တစ်ဖျတ်ဖျတ်တုန်ခါလို့
လမ်းလယ်ခေါင်
ယာဉ်များစွာရဲ့ ကြိတ်နင်းသမှု
ခါးစည်းခံနေရှာ
အလို
ဝမ်းဗိုက်ကြီးကဟင်းလင်းပွင့်လို့ ပါလား
အူဆိုတာ ဒီလိုဟာမျိုးကိုး
ကြည့်ငေးနေမိတယ်လေ
ဟင်
ဒီဖြူညစ်ညစ်တွေက
ဦးနှောက်ဆိုသဟာထင်ရဲ့ ဖုန့်အလူးလူးခုန်ဆွခုန်ဆွ
က-နေတာတော့မဟုတ်တန်ရာ
သူဟာ
ပညာတတ်တစ်ဦးအဖြစ်
ဟန်ဆောင်ကောင်းခဲ့သပေါ့
ဦးခေါင်း ဦးခေါင်း
ကျွန်တော့် ဦးခေါင်း
အို
မျက်စိတွေလည်းမရှိတော့ပါလား
ဟိုမှာ ဟိုမှာ
ငါ့မျက်စိတော့ မဟုတ်ပါဘူးနော်
ပြူးကြည့်လိုက်ထာ
တစ်လုံးထဲနဲ့များ
မယုံဘး မယုံဘူး
ဒါ
ချစ်သူကိုနမ်းတဲ့ပါးစပ် တဲ့
နှုတ်ခမ်းလည်းမပါဘဲနဲ့
ကျေးဇူးဘဲ နှာခေါင်းရေ
သေတာတောင် အသက်ရှုနေရှာရဲ့
အဆုပ်အတုနဲ့ မင်း
နေတတ်ထိုင်တတ်ခဲ့တယ်လေ
ဒါနဲ့ စကားမစပ် မေးရဦးမယ်
ငါ့နံရိုးအောက်က
ဟင့်အင်း
ငါ့သံတိုင်တွေအောက်က နှလုံးသားဆိုတဲ့အကောင်
ဘယ်မှာလဲ ဘယ်မှာလဲ
No comments:
Post a Comment