My Blog List

မြော်


တစ်လှေကြီး တစ်ထွေကြီး
အဓိပ္ပါယ်တွေ အောတိုက်ခဲ့တယ်
ကဗျာတွေရေးလို့
ရည်းစားပေးဖတ်ခဲ့
သူမ
နားမလည်ရှာ
အဲဒီတုန်းက
ဗီယက်နမ်မှာ လောင်မီးတွေကခုန်နေလေရဲ့
အဓိပ္ပါယ်တွေရှိခဲ့ပါတယ်
တစ်လှေကြီးတစ်ထွေကြီး
လူလူချင်းပြီးတဲ့ခါ
သဘာဝနဲ့လူ…….
အဲဒီလိုပဲ
တစ်လှေကြီး တစ်ထွေကြီး
အဓိပ္ပါယ်တွေ ရှိခဲ့ပါတယ်
ခုတော့လည်း
အိုဇုန်းတွေပေါက်ပြဲ
ပင်လယ်တွေ အသက်ရှုကျပ်
မြောက်ဝန်ရိုး မပဋ္ဌာ
အမေဇုန် ငိုကြွေး
ဆင် ကျား ငှက် ဖား ငါးတွေ……
ရှိခဲ့ အဓိပ္ပါယ်
ငါဘက်မှာ တူတူပုန်းနေပြီလဲ
သူတောင်းစားကို ပိုက်ဆံထည့်နေ
ဗုဒ္ဓနဲ့ခရစ်တို့ပဲ မျှဝေပြီးပြီပဲ
ဘယ်မှာ
ဘိုနို
သီးချင်းဆက်မဆိုနဲ့တော့
ကျုပ်ကို
ဘီအီးတစ်ပိုင်းတိုက်ပါ
တစ်လှေကြီးတစ်ထွေကြီး
အဓိပ္ပါယ်ရှိခဲ့ပါတယ်
ပြန်အမ်းငွေမှာ အမှားအယွင်းရှိနေသပ
မိတ်ဆွေ
စဉ်းစားမိရဲ့လား
ခင်ဗျား
ပျဉ်နှစ်ချပ်ပေါ်မှာရပ်နေတယ်
ဟကွဲမသွားမီ
ကောင်းကာင်ဘုံက
ဘုရင်မင်းမြတ်ဆီက
ပါရီကွန်မြူးက
'ကင်းလွတ်မိန့်' ကို
မြော်

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter