
အိုမင်းပြီ
ဟောဒီဂူထဲ
နေထိုင်ရခဲ့
စွမ်းသမျှ
စွမ်းခဲ့ရပါပြီ
ဟောဒီဂူထဲ
ဇနီး၏ ဈာပနရှုခဲ့
ဟောဒီဂူထဲ
သားသမီးလေးတွေ
ကိုက်ချီသယ်ဆောင်ခဲ့ အို-မုဆိုးငဲ့
အိုမင်းပြီ
ဂူရှေ့၌
ယုန်ချေငယ်စိုင် မလောက်လေးစားတို့
ခံ့ညားကင်း
ပြေးလွှားခြင်း မပြုတော့
အိုမင်းပြီ
ဤတောအုပ် ထူထူ၌
'သိန်းရာထောင်' ကခုန်သေးသလော
ရှိစေ
တောသုံးတောင်အစိုးရခဲ့ကြောင်း နိမိတ်ပုံချပ်ဝတ်ဆင်လျက်
ကျုပ်၏ရှီကာဂို အရိုးစုများ ဟစ်ကြွေးမြည်တွန်ကြလတ္တံ့
နှုတ်ဆက်၏
လောကသည် ကျုပ်အလား
အေးစက်ငြိမ်ဆိတ်ခြင်း ကင်းစေသတည်း။ ။
No comments:
Post a Comment