My Blog List

အမည်ပြောင်းခြင်း


မင်းဟာ
ကျုပ်ပခုံးထက်က
နိုင်ငံတကာ ၀ဋ်ကြွေးတွေ
တစ်ခဏပဲဖြစ်ဖြစ်
မှေးမှိတ်စေတယ်။

မင်းဟာ
ရှောက်သီးဆေးပြားလေးပေါ့
တမဟုတ်ချင်းလမ်းကြိတ်စက်ကြီး ၀ါးမျိုပစ်ချင်တဲ့
ကျုပ်ရဲ့မဟာဆာလောင်မှုကို တစ်ခဏပဲဖြစ်ဖြစ်
အာလယ ပြေလျော့စေတယ်။

မင့်
ပါရမိဖယောင်းလက်နဲ့
အိပ်မောရှည်မှ ပုတ်နှိုး
ကျုပ်ကို
တစ်ရေးနိုး အရွယ်ရောက်စေတယ်။

မင်းမရှိလည်း
တစ်ယောက်ယောက်ရှိနိုင်ကောင်းပေမယ့်
မင်းရှိတဲ့အတွက်
ကျုပ် အသက်တစ်မနက်ပိုရှည်တယ်။

မင်းဟာ
ကျုပ်သမီးစစ်ထက်
ကျုပ်သမီးပို စစ်တယ်
ကျုပ်က ကဗျာဆရာ၊ မင်းက ကဗျာလေ

မင်းအတွက်
မြန်မာဂုဏ်ယူလိုက်ပါတယ်
ရိုနယ်ဒို၊ ဘက်ဟမ်း၊ ဗင်နက်ဆာမေး၊ ဖီဒိုရိုဗာ
ရှိသေူး
'ကျုပ်ချစ်သူ' တို့လိုပေါ့
ကမ္ဘာဂုဏ်ယူလိုက်ပါတယ်
ရွှေတောင်ဆရာလွမ်းနဲ့ ကာလဘာဝအဆင်ခြားပေမယ့်
ဒီကစ ကျုပ်နာမည်
ထက်ထက်မိုးဦးမြင့်လှိုင်လို့ ပြောင်းလိုက်တယ်။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter