My Blog List

တစ်ရပ်တစ်နေရာ

'ကိုထွန်းဦး ရှင်ဘယ်သွားမလို့လဲ'
'အဲဒါပဲ ကျုပ်စဉ်းစားနေတာပဲ' ။
မိတ်ဆွေ
ခင်ဗျား အဲဒါပဲ စဉ်းစားနေမှာပါ။

အနှစ်လေးဆယ်
(နှစ်အဆယ်ပေါင်း)

တစ်ရပ်ရပ် တစ်နေရာရာ
ပီပီသသပါ
ရှင်းရှင်းလင်းလင်းပါ
ကျေကျေနပ်နပ်ပါ။

နေခြည်နုထွေး
ပန်းကလေးတွေဆာဝေ
(ပေါ်ပီရောင်စုံပန်းကလေးများလည်း ရိုးသားစွာ ကခုန်မြူးတူး )
ချစ်သူလည်း 'ပန်းပု သူဇာခင်' ပေါ့။

ပြုံးနေလိုက်ကြတာ
လူတွေ အိမ်တွေ သစ်ပင်တွေ သားရိုင်းတိရစ္ဆာန်တွေ
စားပွဲကုလားထိုင်

ချိန်ခွင်မရှိဘူး
အလေးတင်းတောင်း သော့မရှိဘူး
အတိတ် သူရဲကောင်းတို့ရဲ့ ရုပ်တုတွေ သက်ဝင်လှုပ်ရှား

နယ်ခြားမရှိဘူး
လူမျိုးမရှိဘူး
သွေးကြောထဲ ဇီဝကမ္ပဗေဒကင်းမဲ့
မြဟ္မစိုရ်လေးပါးသော ခုတ်မောင်းနေလေရဲ့။

လေထုသန့်ရှင်းတယ်
ရေထုသန့်ရှင်းတယ်
မြေထုသန့်ရှင်းတယ်
နှလုံးသားထုသန့်ရှင်းတယ်။

'ကိုအုန်းမြင့်လှိုင် ရှင်ဘယ်သွားလို့လဲ'
'အဲဒါပဲ ကျုပ်လည်းစဉ်းစားနေတာပဲ'

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter