ခဏ မကြာ ငိုသတဲ့
သူဟာ
ချစ်တတ်လွန်းသမို့
ဘယ်သူ့မှ မချစ်ဘူးတဲ့
သူဟာ
ပညာတတ်လွန်းသမို့
တစ်သက်လုံး
သင်ပုန်းကြီးပဲ ရွတ်သတဲ့
ကြင်နာတတ်လွန်းသမို့
ကျားရိုင်းကို ဖက်သတ်သတဲ့
ပရဟိတအတွက်
အတ္တတံခွန် လွှင့်ထူသတဲ့
သူ့ရဲ့
ထက်ရှလွန်းတဲ့ 'ဒွားဒဿမအာရုံ' ကို
လှောင်အိမ်ထဲထည့်
သူကိုယ်တိုင်သော့ခတ်
သော့တံ
သူများပေးခဲ့သတဲ့
ကမ္ဘာဖျက်ကိန်း
ရေနဲ့မိး
ကြိုက်ရာရွေးဆိုတော့
တစ်ပြိုင်တည်း ခံယူတည်ဆောက်ပြီး
ကောင်းကင်ယံ လွတ်မြောက်ပျံတက်
ဟုတ်- အဝေးက
ရွှန်းလက်ကြယ်ကလေးဟာ
သူဆိုပဲ

No comments:
Post a Comment