ငွေပျိုင်းဖြူ
ဟေ့လူ
ကျုပ်သွားတော့မပ
မြသားကောင်းကင်
ဆည်းဆာရောင်စဉ်ကြား
အတောင်ဖြူလွ ညင်သာလှိုင်းဖွ
ကျုပ်သွားတော့မပ။
ဟုတ်ကဲ့
အိပ်စားကာမ
ကျုပ်ဘ၀ပါ။
လူ
ခင်ဗျား၌
ထိုသုံးဝ
ပြည့်စုံစ။
ကျုပ်၌
သောကမရှိ
ကြောင့်ကြမရှိ
စိုးထိတ်မရှိ
ကင်းပဖွဲ့နှောင် ကျုပ်အတောင်များ
ခင်ဗျာ့ ငှားချင်ဘိ
လူ
ကျုပ်သွားတော့မယ်
စိတ်ဖြင့် မကောင်းတတ်
ကျုပ်သမီးသားလေးများ မျှော်ရော့မည်
သူတို့
ခိုင်လုံစေအံ့
သွားတော့မယ်လူရေ့
ခင်ဗျားဘ၀ သာယာဖြူးဖြောင့်စေကြောင်း။
ပုံ- ငွေဗျိုင်းဖြူ
No comments:
Post a Comment