My Blog List

တောင်တန်းကြီးတွေပေါ်မှာ

မျက်လုံးထဲမှာ
ရေတွင်းရှိတယ်။
ပါးစပ်ထဲမှာ
သဲကန္တာရ ရှိတယ်

နားထဲမှာ
ခြေတစ်ပေါင်ကျိုး အရှုးတစ်ယောက်
ကခုန်လို့
အစာအိမ်ထဲမှာ
ရတုပိုဒ်စုံတစ်ပုဒ် ရှိတယ်။

နှလုံးသားထဲ
ကလေးတွေ
တူတူပုန်းကြ
ဦးနှောက်ထဲမတော့
ရည်းစား လုဘက် နှစ်ဦး
ဓားချင်း ယှသ်ခုတ်လို့။

လက်ထဲမှာ
မပေးလိုက်ရတဲ့ ပန်းတစ်ပွင့်
နွမ်းစပြု၊
ငါ
အိပ်ပျော်ရင်းလမ်းလျှောက်
တောင်တန်းကြီးတွေပေါ်မှာ
ငါ့ကိုယ်ငါ ဖိပြီး
သွေးနေမိရဲ့။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter