My Blog List

ကွက်ကျားမိုး

မေတ္တာကို တိမ်တိုက်တွေနဲ့အတူ
ကျုပ်
ကဗျာဆရာ
ဖြန့်ဝေလိုက်ပါတယ်။
ငွေကြေးမပါဘူး
ဂုဏ်အဆင့် ပါဝါမပါဘူး။
လယ်သမား
စပါးကြဲသလိုပ
အားလုံးရှင်သန်စေကြောင်း

“မောင်းလက်တံဖြုတ်
တိမ်တိုက်တွေကို ပက်စ်ပို့မတောင်းကြပါနဲ့” တဲ့
ဆန်ဖရန်စစ္စကို ကဖေးထဲ
တစ်ခါကအသံ
ဟုတ်ကဲ့
မေတ္တာပါ(အဲဒီဝေါဟာရစစ်စစ်ပါ)
တိမ်တိုက်တွေနဲ့အတူ
ဖြန့်ဝေလိုက်ပါတယ်
ရွာရွာရွာရွာ ဂျိုးဂျိုးဂျိမ့်ဂျိမ့်ရွာ
ဗျာ‘
ခင်ဗျားတို့ မစိုစွတ်ဘူးတဲ့လား
ကျုပ် ကဗျာဆရာ
“ဘာများတတ်နိုင်ပါဦးမည်နည်း”

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter