My Blog List

မရှိတော့လို့

လူတစ်ယောက်အနေနဲ့
မားမားရပ်ရုံမှတစ်ပါး အခြားမရှိ။

လူကူးပြောင်းရေး မျောက်တစ်ကောင်လိုပ
အရပ်ဆယ်မျက်နှာ အဘိဓာန်ဖွင့်ခဲ့ပြီ။

ကြယ်တွေ လတွေ တွေ့ပြီ
လျှိုမြောင်ချောက်ကမ်းပါး တွေ့ပြီ
ဝင်လိုက်ထွက်လိုက် နေလုံးကြီး တွေ့ပြီ
လျှပ်စည်းတွေတလက်လက် ညဥ့်နက်ဖောက်ခွဲပါလား တွေ့ပြီ
ချစ်သူ့မျက်နှာ မုန်းသူ့မျက်နှာ တွေ့ပြီ
တောင်ပြိုတယ်
ရေ နိမ့်ရာသို့ စီးဆင်းတယ်
ဟော…မီးတွေ့တယ်
မီးဟာနေတစ်စင်းပေါ့
ကင်စား ဖုတ်စားတော့ ပိုချိုတယ် အချမ်းလုံတယ်
မီးကိုင်ရင် ပူတယ် လောင်တယ် မကိုင်နဲ့
မီးအမျိုးမျိုးထဲမှာ ခေါင်းမော့မရ ဇက်ကြောတက်တာ အဆိုးဆုံးဗျ

စပါးတာကတ် မွေးလာတယ်
ဂျက်လန်ဒန် မာယာကော့စကီဒ ဗားတော့ဗရက် မွေးလာတယ်
ချားဒစ်ကင် မွေးလာတယ် ဂေါ်ကီ မွေးလာတယ်
အချုပ်တန်းဆရာဖေ သခင်ကိုယ်တော်မှိုင်း မွေးလာတယ်
ဆရာစံ ဗန်းမော်တင်အောင် မွေးလာတယ်
စသည်.. စသည်ပေါ့
နောက်တော့
…………..
ကွန်ပျူတာလူသား မွေးလာတယ်။
အဲဒီလူသားတွေထဲကပါပဲ
လူတစ်ယောက်ဟာ(ကျုပ်ဖြစ်ချင်ဖြစ်မယ်)
မတ်မတ်မားမား ရပ်လိုက်တယ်။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter