ကာရန် အတောင်တွေမပါဘူး
လောင်စာအား ပြင်းပြင်းနဲ့
အခြားသော စကြ၀ဠာထိ အာကာသထိုးဖောက်
ပျံသန်းနိုင်တယ်
မော်ဒန်ကဗျာဟာ
စမ်းချောင်းကလေးပ
အနိမ့်အမြင့် အပြေအလျော့ အ၀ိုက်အ၀န်း
ကာရန်က သူ့ကို မဖွားမြောက်ဘူး
စမ်းချောင်းကလေး သူကသာ ကဗျာရေးတာ ဖြစ်တယ်
မော်ဒန်ကဗျာဟာ
ဗာဂျင်း မယ်တော်ရဲ့ သားလှရတနာ ဖြစ်တယ်
နွားစာခွက်ထဲပေမယ့်
အဲဒီမော်ဒန်ဘဏ်တိုက်ကို
လူငယ် ဒါ ရိုက်တာတွေ ဦးစီးပြီး
နာယက တစ်ချို့ ကဗျာဝိုင်းရေးကြတယ်
မော်ဒန်ကဗျာဟာ ငုယင်ဗန်ထွိုင်း၊ ဗားတော့ဗရက်၊ ရီဝီအော်လီတို့နဲ့
ဆွေချင်းလည်း တော်စပ်တယ်
မော်ဒန်ကဗျာဟာ
တေားသားတွေ မြို့တက်လာတာ ဖြစ်တယ်
ခရောင်းမြေမှာ လမ်းလျှောက် လေ့ကျင့်ခန်း ယူတယ်
ပရဘားလွှဲတယ်
ရင်ဘားဆွဲတယ်
လက်မောင်း လက်ဖျံတွေ တောင့်တင်းဖို့
အဆုပ်မှာ အောက်ဆီဂျင် အပြည့်ရှိတယ်
မော်ဒန်ကဗျာဟာ
တို့- ပုဂံမြကန်သာ
တို့- အင်းဝ ရဋ္ဌသီလ၀ံ
တို့- တောင်ငူ
တို့ ကောင်းဘောင် တို့မဟာမှိုင်း
အဲဒါတွေရဲ့ ဆက်လက်ခြင်းဖြစ်တယ်။
No comments:
Post a Comment