My Blog List

ပန်းချီမပြီးသေးသော

အဲဒီနေ့က
အန္ဒရေ
ပန်းချီဆွဲမလို့ပါ

ပါရီမြို့ကြီးလည်း
ဆီးချိုသီးလုံး အထပ်လိုက် ပြိုကျသလို
တံခါးပိတ်
အန္ဒရေ
ပန်းချီဆွဲမလို့ပါ

လေယာဉ်စက်ရုံအလုပ်သမားသပိတ်ဟာ
အဂ္ဂတွေအလျှိုလျှို လူထွက်ကုန်ကြတော့
မြှော်လင့်ချက်ကလွဲလို့
သုံးဆရာ သံကွင်းတွေ တပွေ့တပိုက်နဲ့
လုပ်သား အဖိုးအိုတစ်ယောက်
အော်လေနစ်လေအသံနဲ့
'အင်တာနေရှင်နယ်' သိကျူးလိုက်လေရဲ့

အချစ်
ဘေးကင်းပါစေ
မူလတန်း ကျောင်းတစ်ကျောင်းမှာ
ဆရာအိုခမျာ
(အသက်ကြီးရင် မျက်ရည်လွယ်သတဲ့)
(အဲ့ဒီမျက်ရည်တွေက သံမဏိပစ္စည်းထုတ်လို့ ရသတဲ့)
နောက်ဆုံး ပြင်သစ်သင်္ခန်းစာ ပို့ချနေတယ်
အဆိုးဆုံး ကျောင်းသားလေးတွေတောင်
"စဉ်းစားသူ" ဖြစ်သွားဆိုပဲ

ပါရီလွှတ်တော်မှာ
အိမ်တွင်းရေးတွေ ပေကျံနေတယ်
ပုဂ္ဂိုလ်ရေးတွေ နံစော်နေတယ်
ဝန်ကြီးတစ်ပါး ဓားထိုးခံရတယ်
နာဇီဂျာမန်တို့ရဲ့
ခွာသံတွေ စကြ်ာတွေ တင့်ကားတွေ

ဆိုဗီယက်ရုရှကို ပူးပေါင်းခြေမှုန်း ဖို့လိုတယ်လို့
မိန်းမပျက် တစ်ချို့ကဆိုတယ်
(အလုပ်လက်မဲ့ ဖြစ်မှာ သူ မလိုလားဘူး)

စစ်ကြီးဖြစ်လို့မှ စကားရှိသေး
စစ်ပြီးကမ္ဘာစီမံကိန်းတွေ
မြေပုံသစ်တွေ….

အဲ့ဒီနေ့က
အန္ဒရေ
ပန်းချီဆွဲမလို့ပါ
ဆေးတွေစုတ်တွေ ဘောင်တွေ ကြမ်းပြင်မှာ နံရံမှာ
ဒါ
ပန်ချီဆရာ့ အခန်းလေ
ပြတိုက်မှမဟုတ်ပေပဲ
နေ
မိန်းကလေး ရှိပါစေ
ပန်းချီခန်းမှာ ပန်းချီရနံ့ရှိတယ်
ကြက်သွန်ပွဲရုံမှာ ကြက်သွန်ရနံ့ရှိတယ်
အော့ဇ၀တ်မှာ ပြည်သူရနံ့ရှိတယ်
အော်ဒီကလုံးလည်း ဇာခန်းစည်းနောက်မှာပေါ့
သလိုပ
ပါရီလွှတ်တော်မှာ
အချောင်သမားတွေ အရှုံးပေးရေးသမားတွေ လက်ဝဲပျက်တွေ
မယားငယ် အိပ်ခန်းက ထလာသူတွေ

စုတ်ကို ကိုင်ထားပြီ
ကင်းဗတ်ဖြူမှာ အဖြူထည်ရှင်းရှင်းတွေ့နေရတယ်
အန္ဒရေ
ပန်းချီဆွဲမလို့ပါ
လာခဲ့စမ်း ငါ့ဦးနှောက်ထဲက စိတ်ကူးဆိုတဲ့ ခံစားချက်အိမ်မက်တွေ
အရောင်ရှိသကွဲ့
မဉ္စလက်တတ်သကွဲ့
အလှဆုံးနတ်သမီး
ကိုယ်ဟန်ပြမလေး အန္ဒြီယာနာ လာပါဦးကွဲ့
အဲဟုတ်ပီ
အဲမဟုတ်ဘူး
အန္ဒရေပန်ချီဆွဲမလို့ပါ
ဟော- တံခါးခေါက်သံကြားတယ်
(ဘယ်သူလဲဟေ့..!)
နာဇီဖက်ဆစ်ရဲ့တင့်ကားကြီးပါခင်ဗျား

(ပါရီကျဆုံးခန်း ဖတ်ပြီးခံစားခြင်း)

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter