My Blog List

ပန်းချီဆရာ

သူ့တစ်ကိုယ်လုံးရှုပ်ပွနေလေရဲ့
ဟုတ်ကဲ့
ပုံတူဆွဲမလို့ပါ
ကျွန်တော်လည်းမတတ်နိုင်ဘူး
သူ့မှာ
ဥပဓိမှမရှိဘဲ
မြင်နေရတယ်လေ
သူ့တစ်ကိုယ်လုံးရှုပ်ရှက်ခတ်လို့
အနာဂတ်အလင်းတန်း တွေ့ရရဲ့
ပုပ်သိုး အတိတ်ထမင်းဟင်းကန်တွေ ညှီဟောက်လို့
ပစ္စုပ္ပါန် အခိုးတွေဝေစည်လွင့်ပါး
ဟုတ်ကဲ့
ပုံတူဆွဲမလို့ပါ

ပန်းချီဆရာရဲ့စုတ်ချက်ဆိုတာ အလဟဿ တစ်ခုမှမရှိဘူး
သူ့မျက်လုံးဟောက်ပက်ကို ကြောက်တယ်
အပ်သွားတွေ
ပိုးဟပ်တွေ
မျက်ရည်ဦးနှောက်တွေရော ဂုရုလိမ်းကျံ
ဒီနှုတ်ခမ်းက ဘာလို့တင်းစေ့ထားတာလဲ
ကြေနပ်ဖို့ လောကသုံးပါးပေါ်ပေါက်လာတာပါ
ဒါနဲ့များ
ဟုတ်ကဲ့
ပုံတူဆွဲမလို့ပါ
ရှိမှမရှိဘဲ
သူ
ရှိမှမရှိဘဲ
ပုံတူဆွဲမလို့ရယ်ပါ
တီကောင်
အို
သူဟာ
'လူ' လို့ သညာနာမရှိသူပါ

သူ့တစ်ကိုယ်လုံးရှုပ်ပွနေလေရဲ့
ဒဏ်ရာတွေ
ပါးစပ်ပါသလား
မျက်လုံးပါသလား
နားရွက်ပါသလား
လူတစ်ယောက်ရဲ့ ပုံတူဆွဲမလို့ပါ
ဟို ချွန်မြမြတွေကဘာလဲ
ဟို တုံးတိတိတွေကဘာလဲ
အနားသတ်မရှိဘူး
အလင်းအမှောင်မရှိဘူး
ဟုတ်ကဲ့
ကျွန်တော်ပုံတူဆွဲမလို့ပါ
ဘာမှမရှိတဲ့
'လူ' လို့ခေါ်တဲ့အရာ
သူ့ပုံတူ
ကျွန်တော်ဆွဲမလို့ပါ။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter