My Blog List

အရာမြှောက်ခြင်း

ဟောဟို
အမှိုက်ပုံဘေး
ငူငူကြီးထိုင်နေတဲ့
ကျောက်တုံးဖြစ်ချင်တယ်
(သူဟာရိုးမကြောထဲက မျောလာဟန်မတူပါဘူး)

ဒါမှမဟုတ်
အဘယ်သူလွင့်ခဲ့မသိတဲ့
ဆေးလိပ်တိုကလေးတစ်တိုပေါ့
(သူဟာမြင်းခြံကလာတာဖြစ်ချင်ဖြစ်မယ်)

ဒါလည်းအရေးမကြီးပါဘူး
အတ္တအိမ်ထဲက
ခေါင်းပြူတစ်လစ်
ပင်လယ်ကြည့်မော အားငယ်သေဆုံးသွားတဲ့
ခရုခွံကလေးကော
ဖြစ်ချင်သပ ဖြစ်ချင်သပ

အဲဒီလိုမျိုး
အ၀ိဥာဏအရာတစ်ခု
ဟင်း….
အခေါက်မာမာ….အရေခြုံထားတဲ့
ဟောဒီ ထွေရာလေးပါးစဉ်းစားတတ်ပလီပလာ
အိပ်ပျော်နေကလပ်စည်းကုဋေကုဋာနေ့ခင်းအိပ်မက်ထဲက
ပျစ်ချွဲညစ်ထေးဦးနှောက်ကို
ဖယ်ဖျောက်
နှလုံးသားကို အရာမြှောက်မယ်။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter