My Blog List

ပုရွက်ဆိတ်များ

ပုရွက်ဆိတ်များ

သူဟာ
ပုရွက်ဆိတ်မုန်းသူပါ

အဲသလောက်အသေးအမွှားက
ကြီးကြီးမားမားသူ့ကို
ကာအိနြေ္ဒပျက်စေတယ် လေ

လက်လှမ်းမမီရာနောက်ကျောကိုက်တော့
သူဒေါသ ဖြစ်
လက်မီအောင်မဖန်ဆင်းခဲ့တဲ့ 'ဘုရားသခင်' ကို အပြစ်တင်

ကမ္ဘာကြီးနဲ့ရန်သူဖြစ်ရသူ- သူ
လော့စ်အိန်ဂျယ်လိစ်က ကဗျာဆရာရယ်
ခင်ဗျားသဘောတူမှာပါ

ခုတော့
သူတစ်ယောက်ထဲဗျ
သူကအေးစက်တာလား
ကမ္ဘာကြီးက အေးစက်တာလား
အာရုံကြောမွမွတွေဆန့်လိုက်ရင်ကမ္ဘာပတ်ဆို
ဂျနီဖာလိုပက်ဇ်ရယ်
မင်းလဲမတတ်နိုင်ပါဘူး

ကမ္ဘာကို ငုံပြီးထွေးမထုတ်လိုက်ရတဲ့သူ့ပါးစပ်မှာ
ပုရွက်ဆိတ်တွေအုံဖွဲ့ ပွဲသဘင်ကျင်းပလို့။

No comments:

မြန်မာ့သတင်း

နိုင်ငံတကာသတင်း

NeoCounter